ယုံကြည်၊အပ်နှံ၊ အလွဲသုံးစားပြုမှု ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခံရသည့် ဧရာဝတီတိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်းအား စတင် ရုံးထုတ်စစ်ဆေး

ယုံကြည်၊အပ်နှံ၊ အလွဲသုံးစားပြုမှု ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခံရသည့် ဧရာဝတီတိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်းအား စတင် ရုံးထုတ်စစ်ဆေး
Published 22 August 2019

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုရန်အတွက် မော်တော်ယာဉ်ငါးစီးဝယ်ယူရန် ထုတ်ယူထားတဲ့ ငွေကြေးများအနက် ငွေကျပ် ၁၉သိန်း၄သောင်းကျပ်အား မိမိကိုယ်ကျိုးအတွက်အသုံးပြုခဲ့သည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌဟောင်း ဦးစံမင်းအောင်အား သြဂုတ်လ ၂၂ရက်နေ့က ပုသိမ်မြို့နယ် တရားရုံးမှာ စတင်တရားစွဲဆို စစ်ဆေးခဲ့တယ်လို့သိရပါတယ် ။