အဝေးသင် တက်ရောက်ချိန် လစာဖြတ်တောက်ခြင်းများ ရပ်တန့်ပေးရန် အပါအဝင် တောင်းဆိုချက် သုံးချက်အတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှု မန္တလေးပညာရေးကောလိပ်တွင် ပြုလုပ်
အဝေးသင်တက်ရောက်ချိန် လစာဖြတ်တောက်ခြင်းများ ရပ်တန့်ပေးရန် အပါအဝင် အချက် သုံးချက်အတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို မန္တလေးပညာရေးကောလိပ်ရှိ ကျောင်းသားကျောင်းသူများမှ ဩဂုတ်လ ၁၉ ရက် နံနက်က ပြုလုပ်ခဲ့ပါတယ်။