မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် နစ်မြုပ်ခဲ့သည့် လယ်ဧက ရှစ်သောင်းကျော်အနက် ဧက ငါးသောင်းကျော် ပြန်ပေါ်
မွန်ပြည်နယ်မှာ သြဂုတ် ၁၅ ရက်အထိ မိုးစပါး စိုက်ပြီး ဧက ၅၇၀၀၀၀ ကျော်မှာ ရေကြီးနစ်မြုပ်မှု ၈၇၀၀၀ ကျော်ရှိခဲ့ကာ ဧက ငါးသောင်းကျော် ပြန်ပေါ်နေပြီး ရေကျနှေးသည့် ကျိုက်မရောမြို့နယ်မှာ ဧက-၂၀၀၀၀ ကျော် ပြန်ပေါ်ခြင်း မရှိသေးကြောင်း၊ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါတယ်။