ရုပ်သံလွှင့် ကုမ္ပဏီများထံမှ ငှားရမ်းခ ကျပ် ၃.၂၅ ဘီလျံ မကောက်ခံနိုင်ဘဲ ဒဏ်ကြေးအနေဖြင့် တစ်လကို တစ်ရာခိုင်နှုန်းသာ ကောက်ခံစေခြင်းသည် ယင်းငွေများအား လှည့်သုံးရန် အခွင့်အရေးပေးသည်ဟု ထင်မြင်စရာဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်ထောက်ပြ ဆွေးနွေး
မြန်မာ့အသံ ရုပ်မြင်သံကြားနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ရုပ်သံလွှင့် ကုမ္ပဏီတွေထံမှ ငှားရမ်းခ ကျပ် ၃.၂၅ ဘီလျံ မကောက်ခံနိုင်ဘဲ ဒဏ်ကြေးအနေနဲ့ ပေးဆောင်စေတာဟာ ယင်းငွေများအား လှည့်သုံးရန် အခွင့်အရေးပေးတယ်လို့ ထင်မြင်စရာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှုအတွက် သက်ဆိုင်ရာဌာနမှာ တာဝန်ရှိတယ်လို့ ဒလမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ထောက်ပြဆွေးနွေးခဲ့ပါတယ်။