ဆေးခြောက်စိုက်ခင်း ဖြစ်စဉ်၏ ၉ ကြိမ်မြောက် ရုံးချိန်းတွင် တရားဝင်ခွင့်ပြုချက်ရ သုတေသနစိုက်ခင်း ဖြစ်ကြောင်း သက်သေခံစာရွက်များ တင်သွင်း
ဆေးခြောက်စိုက်ခင်းဖြစ်စဉ်ရဲ့ ၉ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၁၉ ရက်က မြင်းခြံခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး မူးယစ်ဆေးဆရာဝန်တစ်ဦးနှင့် မြို့သာစက်မှုဥယျာဉ်စီမံကိန်းဥက္ကဋ္ဌတို့ကို ဆက်လက် စစ်ဆေးခဲ့ကာ တရားဝင်ခွင့်ပြုချက်ရ သုတေသနစိုက်ခင်းဖြစ်တဲ့ သက်သေခံစာရွက်များ တင်သွင်းခဲ့ကြောင်း သိရပါတယ်။