မူဆယ်ဘက်အထွက် နမ့်တွန်းကျေးရွာအနီး ပစ်ခတ်မှုများဖြစ်ပွားပြီး ဒဏ်ရာရလူနာအား ကယ်ဆယ်ရန်သွားရောက်သည့် လူမှုကူညီရေးယာဉ် ပစ်ခတ်ခံရကာ တစ်ဦးသေဆုံးနှစ်ဦးဒဏ်ရာရရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုး - မူဆယ် ပြည်ထာင်စုကားလမ်းမကြီးပေါ် လားရှိုးမြို့အထွက် ၁၂ မိုင်ခန့် အကွာ နမ့်တွန်းရွာအနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် လူနာသယ်ဆောင်ရန်သွားရောက်တဲ့ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ ဥက္ကဌဖြစ်သူ ဦးထွန်းမြင့် သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။