ဘင်္ဂါလီများကို ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာတိုင်းရင်းသားများဟု သုံးနှုန်းခဲ့မှုအပေါ် ပြန်ကြားရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအတွင်း ဌာနဆိုင်ရာအရေးယူမှုပြုလုပ်မည်ဟု ဦးဇော်ဌေးပြောကြား
အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ ဘင်္ဂါလီများကို ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ တိုင်းရင်းသားများဟု ထည့်သွင်းသုံးနှုန်းခဲ့တဲ့ကိစ္စအပေါ် ပြန်ကြားရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာ တာဝန်ရှိတဲ့အတွက် ဌာနဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။