သမ္မတလုပ်ပိုင်ခွင့် လျော့ချထားသော ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းအား ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်တွင် ဆောင်ရွက်ရန် စိစစ်ရေးကော်မတီ မှတ်ချက်ပြု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကို အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်မှာ ထည့်သွင်းဆောင်ရွက်ဖို့ ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက မှတ်ချက်ပြုပါတယ်။