TNLA၊AA နှင့် MNDAA တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တပ်မတော်သတင်းထုတ်ပြန်

TNLA၊AA နှင့် MNDAA တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တပ်မတော်သတင်းထုတ်ပြန်
Published 15 August 2019

TNLA၊AA နှင့် MNDAA တို့၏ တိုက်ခိုက်မှုများသည် တပ်မတော်က မူးယစ်ဆေးဝါးသိမ်းဆည်းရမိမှုများကို ကျေနပ်မှုမရှိခြင်းနှင့် AA အဖွဲ့ စစ်ရေးအရ အရေးနိမ့်ခြင်းတို့ကြောင့်ဖြစ်ဟု တပ်မတော် သတင်းထုတ်ပြန်

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၆ ခုကို TNLA၊AA နဲ့ MNDAA အဖွဲ့တွေက တိုက်ခိုက်မှု ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တပ်မတော်က မူးယစ်ဆေးဝါးသိမ်းဆည်းရမိမှုတွေကို ကျေနပ်မှု မရှိခြင်းနဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ ထိခိုက်ကျဆုံးမှုများပြားပြီးစစ်ရေးအရအရေးနိမ့်လာခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးမှုကို ထိပါးနှောက်ယှက်ကာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်လာခဲ့တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့၊မွန်းလွဲပိုင်းကသတင်းထုတ်ပြန်ပါတယ်။