ပဋိပက္ခဒေသများရှိ ပြည်သူအများစုမှာ အခက်အခဲများကို JMC ကော်မတီများထံ တိုင်ကြားနိုင်သည်ဆိုခြင်းကို မသိရှိသည့် ပြဿနာရှိဟု JMC-U ဒုဥက္ကဋ္ဌ(၂) ပြောကြား

ပဋိပက္ခဒေသများရှိ ပြည်သူအများစုမှာ အခက်အခဲများကို JMC ကော်မတီများထံ တိုင်ကြားနိုင်သည်ဆိုခြင်းကို မသိရှိသည့် ပြဿနာရှိဟု JMC-U ဒုဥက္ကဋ္ဌ(၂) ပြောကြား
Published 15 August 2019

ပဋိပက္ခဒေသတွေမှာ နေထိုင်တဲ့ပြည်သူအများစုဟာ သူတို့ရဲ့အခက်အခဲတွေကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)အဆင့်ဆင့်ကို တိုင်ကြားနိုင်တယ်လို့ မသိရှိကြတဲ့ ပြဿနာ ရှိနေသလို ဌာနဆိုင်ရာတော်တော်များများကလည်း JMC ဘာလုပ်လဲဆိုတာကို မသိကြဘူးလို့ JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးကိုကိုကြီးက ပြောပါတယ်။