ပြည်တွင်းအခေါက်ရွှေစျေးတကျပ်သား ကျပ် ၁,၂၁၈,၀၀၀ ဖြင့် တရက်အတွင်း ကျပ် နှစ််သောင်းနီးပါးစျေးကျဆင်းသော်လည်း ကျပ် ၁၂ သိန်းအထက်တွင် ဆက်ရှိနေ

ပြည်တွင်းအခေါက်ရွှေစျေးတကျပ်သား ကျပ် ၁,၂၁၈,၀၀၀ ဖြင့် တရက်အတွင်း ကျပ် နှစ််သောင်းနီးပါးစျေးကျဆင်းသော်လည်း ကျပ် ၁၂ သိန်းအထက်တွင် ဆက်ရှိနေ
Published 14 August 2019

သြဂုတ်လ ၁၃ ရက်နေ့မှာ ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ ၁၅၂၀ ကျော်လာပြီးနောက် ပြည်တွင်းအခေါက်ရွှေစျေးစံချိန်တင် စျေး တကျပ်သား ကျပ် ၁,၂၃၈,၀၀၀ အထိ စျေးမြင့်တက်ခဲ့ရာကနေ ဒီကနေ့ သြဂုတ် ၁၄ ရက်ညနေပိုင်းမှာတော့ တကျပ်သား ကျပ် ၁,၂၁၈,၀၀၀ နဲ့ တရက်အတွင်း ကျပ် နှစ််သောင်းနီးပါးစျေးကျဆင်းလာပေမယ့် တကျပ်သား ကျပ် ၁၂ သိန်းအထက်မှာ ဆက်လက်ရှိနေတယ်လို့ ရွှေစျေးကွက် စျေးနှုန်းတွေအရသိရပါတယ်။